Sunday, April 17, 2011

အနီးမှုန်

       ဒီနေ့တို့မြန်မာနိုင်ငံမှာဆို နှစ်ဆန်းတစ်ရက့်နေ့။ သူများနိုင်ငံသားတွေပြောသလိုပြောရရင် happy new yer ပေါ့။ ဒါနဲ့မနက်အိပ်ယာက ထ ၊ မြတ်စွာဘုရား ကို မျက်နှာသစ်တော်ရေ ၊ သောက်တော်ရေကပ်၊သီတဂူဆရာတော်ဘုရားရဲ့ ရေအလှူတော်ကို သဘောကျပြီး သီတဂူဆရာတော်ရဲ့ ပုံတော်ရှေ့မှာ လည်း သောက်တော်ရေ လှူ ပြီး ၊ အခန်းထဲက ထွက်ပြီး အဆောင်ရဲ့ အပေါ်ဆုံးအထပ်မှာ၊ပရိတ် ပဌာန်းရွတ်ဖို့ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ မိုးလေးက နဲနဲကျထားတာဆိုတော့ နေလည်းမထွက်ဘဲရာသီဥတုကလည်း နဲနဲအေး ပြီးနေတော့ ဒေလီရဲ့ ရှားပါး နွေတရက်ပေါ့။ အဲဒါနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့အခါ တခြားကွင်းထဲမှာ ကလေးတွေ ကြက်တောင်ရိုက်ကစားနေကြတာကို မျက်စိရောက်သွားပြီး နဲနဲလေး ကြာအောင် ကြည့်မိလိုက်တယ်။ ဒါနဲ့ တခြားအခန်းတွေဘက်ကြည့်လိုက်ပြန်တော့  အာဖရိက က နီဂရိုးတစ်ယောက်ကလည်း အဲဒီကလေးတွေ ကစားနေကြတာကို ကြည့်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာတွေးမိလိုက်တာက အော် " စိတ်ဆိုတာ လှုပ်ရှားနေတဲ့ အားရုံလေးတွေကို ကြည့်နေတတ်ပါလား" လို့တွေးမိလိုက်တယ်။ ဒါနဲ့ စာရွတ်ပြီးတော့ မြတ်စွာဘုရားကို မဟာသမယသုတ်နဲ့ ပူဇော်ပြီး တရားလေး နဲနဲ မှတ်ကြည့်လိုက်တယ် ။ အဲဒါအခါ မှာ ကိုယ်ခန္ဓာရဲ့ ဖြစ်မှုပျက်မှု။ စိတ်ရဲ့ ဖြစ်မှုပျက်မှုဆိုတာတွေကို ဘာဆိုဘာမှ မမြင်ရဘူး။ မသိရဘူး ဟိုရောက်ဒီရောက် စိတ်တွေကို သာ တခါတခါမှ ဖမ်းမိတာ၊ဒါတောင်မှ စိတ်တွေရဲ့ တခုခြင်းဖြစ်ပျက်ပုံကိုတွေ့တာမဟုတ်ဘူးနော်။ စိတ်ပေါင်းများစွာရဲ့ အစုလိုက် group လိုက် ဖြစ်တာ ဒါလောက်ဘဲ သတိထားမိတာ။ ဒါကြောင့် တွေးမိလိုက်တာက အော် စောစောလေးတုန်းက ငါ့စိတ်ငါ့အမြင်တွေဟာ ခပ်ဝေးဝေးက ကလေးတွေကစားတာ၊ အဲဒီကလေးတွေကို ကြည့်နေတဲ့ သူတွေကိုမြင်တာ ၊ မိုးတွေအုံ့နေတာ စတဲ့ အဝေးက အရာတွေကိုမြင်နိုင်သိနိုင်ခံစားနိုင်ပေမယ့် ၊ ခုတော့ငါ့ ခန္ဓာထဲမှ ဖြစ်ပျက်နေတဲ့ အနီးမှာရှိနေတဲ့ ရုပ်တွေ နမ်တွေကို မမြင်ဘူး မသိဘူး ဆိုတော့အော် " ငါဟာ --၀ိပဿနာဉာဏ်မျက်လုံးမှာ အနီးမှုန်နေသူတစ်ယောက်ပါလား" လို့တွေးမိလိုက်တယ်

No comments:

Post a Comment