လောက ဇာတ်ခုံတွင်းက လူအားလုံးဟာ ကိုယ့်ဘ၀ ကိုယ့်ဇာတ်လမ်းအတွက်တော့ ခေါင်းဆောင် ဇာတ်ကောင် တွေချည်းပါဘဲ။ သူတို့တွေဟာ ကိုယ်ကြိုက်တဲ့ကကြိုး ကကွက်ကို ၊ ကိုယ်ကြိုက်တဲ့ဟန်ပန်နဲ့ ကိုယ်တိုင်က နိုင်ကြတဲ့ သက်ရှိသရုပ်ဆောင်တွေပါ၊ ရုပ်သေးတွေမ ဟုတ်ပါဘူး။ ရုပ်သေးတွေမှာ ကျတော့ နောက်က ကြိုးဆွဲဆရာ ဆွဲတဲ့အတိုင်း လိုက် ပြီး ကကြရတာပါ။ သူတို့မှာနောက်က ကြိုးဆွဲကြိုးထိန်းရှိတယ်။ တခါတလေ တချို့တလေကြတော့လည်း သက်ရှိဇာတ်ကောင်ဖြစ်နေရဲ့သားနဲ့ သက်မဲ့ရုပ်သေးလိုမျိုးတွေ ဖြစ်နေတတ်ကြတယ်။ဥပမာ -ဆိုပါစို့- ဆရာ မိဘ စတဲ့သူတွေက သူတို့တွေကို မြင့်မားအောင် မြေတောင်မြှောက်ပေးတယ်။ မြှင့်တင်ပေးတယ် ။ ဒါပေမယ့် သူတို့ကတော့ ရုပ်သေးတွေလိုဘဲ ဆရာမိဘစတဲ့သူတွေ မြှောက်ပေးသလောက်ဘဲ ဘ၀မှာကနိုင်ကြတာ ဒီထက်ဘာမှ ပိုပြီး မကနိုင်ကြဘူး။ မိဘက ကျောင်းထား ပေးပြီး ဘွဲ့ရအောင် ထောက်ပံ့ပေးပြီးရင် ဘွဲ့ရရုံဘဲ ရှိတယ် နောက်ထပ် ဘာမှ ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ကြဘူး မိမိတို့ကိုယ်တိုင် ဆက်ပြီး ကကြိုးကကွက် မဆင်နိုင်ကျတော့ လူစင်စစ်က ရုပ်သေးလေးတွေ ဖြစ်နေကြတာလေးတွေ ရှိနေကြတယ်။ ဒါလေးတွေလည်း သတိပြုပြီး ကိုယ့် ကကြိုးကို ကိုယ် ဆင်နိုင်ကြဘို့ လောကဇာတ်ခုံလေးမှာ တင်ပြပါတယ်။ မှတ်ချက် ။ ။ သက်ဆိုင်သူ တစ်ယောက်ကို ရည်ညွန်းပါသည်။ လူသည်ရုပ်သေးလုပ်နိုင်၏ ။ဒါပေမယ့် ရုပ်သေးမဟုတ်။
No comments:
Post a Comment