Friday, October 7, 2011

အမေနဲ့ငွေ

အမေကိုလည်း လွမ်းရ
ငွေကိုလည်း တမ်းတရလို့
တစ်နေကုန်လျှင်လည်း အမေ့ကို သတိရ
ငွေကုန်လျှင်လည်း အမေ့ကို သတိရမို့
အမေနဲ့ ငွေ ဟာ အတူတူပါ အမေ။

                            မှတ်ချက်။ အမေ ဆိုတာ အမေနဲ့ အမေတို့နေတဲ့ မြန်မာပြည်ကို ဆိုလိုပါသည်။






Thursday, October 6, 2011

ခရီးသွားဧည့်သည်တစ်ယောက်ရဲ့လက်ဆင့်ကမ်းစကား



၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော
Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်
Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ
Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။ ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။ ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။ “ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။ နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။ ဒါနဲ့ကျနော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင်စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျနော့်မှာ နေစရာအခန်း မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ်နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အ ကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတခု ပေးပါရစေ။ အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံး တွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့ လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။ ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေသုံး တဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေ သပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုပဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြော ကောင်းပြောနိုင်ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျနော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ် နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါ တယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျနော်တို့ မမြင်နိုင် ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက် ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့် ပါပဲ။ ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂၀ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည် ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။ Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတနှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအ ကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါပဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျနော့် ရဲ့ ဘဝ တခုလုံးကိုပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန် လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။ ကျနော့်ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိလာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျနော့်ဘဝတလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။ နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။ ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအ ဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီ လား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာ ကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။ ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက ကျနော့်စိတ်မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကို ကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။ ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာလက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်း လမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာသေရတော့မှာဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗ လာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေ ချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။ တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေး စစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး အူ သိမ်ထဲကိုရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေ လို့ပါ။ ကျနော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျနော် အခုနေကောင်းပါပြီ။ ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာ ချာ ကျနော် ပြောနိုင်ပါပြီ။ *ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အ တွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။ *ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။* သူတို့ က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမည အချက်တွေပါ။ ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျနော်တို့တွေအတွက်တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တအုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။ Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တတွေ နောက်ဆုံးနှုတ်ဆက် ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေး ထားပါတယ်။ “ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။” တဲ့။ ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။ “ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”

 Steve jobs

မုံတိုင်ပင်ဆရာတော့် ငြီးခြင်း

တို့မွေးရပ်ဇာတိ ရွာဗုကြီး ဆိုတဲ့ ရွာလေးနားမှာ မုံတိုင်ပင်ဆိုတဲ့ ရွာကြီးတစ်ရွာရှိတယ်။ အဲဒီဆရာတော်က တစ်နေ့ကို သုံးခါငြီးတယ်တဲ့။ (၁) အင်း နေကလည်း ထွက်ခဲလိုက်တာ တဲ့(စာကြည့်ချင်လို့ နေရောင်ခြည်မျှော်တော်မူနေတာ).။

၂.။ အင်း မွန်းကလည်း တည့်လွယ်လိုက်တာ (စာကြည့်နေတုန်း ဆွမ်းစားချိန်ရောက်လို့ )။
၃။ အင်း နေကလည်း ၀င်လွယ်လိုက်တာ။( စာကြည့်နေတုန်း အလင်းရောင်မရှိလို့် တမ်းတတော်မူနေတာ)။တဲ့...... ဟဲ့  ဥာဏ၀ရ နင်ရော ဘယ်နှစ်ခါ အဲလိုငြီးဘူးလဲတဲ့။ ဒီတော့ တို့ကလည်း ပြောစရာ စကားမရှိလို့ ပြုံးဘဲပြုံးနေလိုက်တယ်။( ကျေးဇူးရှင် ရွာဗုကြီးကျောင်းကြီးတိုက်ဆရာတော် အမှတ်တမဲ့ သြ၀ါဒ စကား)။ ဆရာတော် ၂ ဆူကို တပည့် ဒီစာမူဖြင့် ပူဇောပါ၏ ဘုရား။
 မှတ်ချက်။ မုံတိုင်ပင်ဆရာတော်သည် နောင်အခါ မင်းတုန်းမင်း သီပေါမင်း မင်း၂ဆက် ကိုယ်းကွယ်ခံ ဆရာတော်ဖြစ်တော်မူခဲ့သည်။

Monday, October 3, 2011

အရိပ်မှန်

 ခရီးသွားများလို့ မောပန်းနေသလား ခရီးသည်။ နားခိုဘို့ အရိပ် ရှာနေသလား ခရီးသည် အရိပ်မှန်ကို သေချာရှာပြီး ခိုနားနော်။ အနားခိုလို့မှ အမောမပြေရင် အဲဒီအရိပ်ဟာ တို့ အတွက် တန်ဘိုးမရှိလို့ စွန့်ခွာပစ်ဘို့လည်း ၀န်မလေးနဲ့ ။ အရိပ်မှန်ကို ချဉ်းကပ်ဘို့လည်း ဦးမလေးနဲ့ ခရီးသည်။ ( မှတ်ချက် ။ အကုသိုလ်တွေလုပ်ပြီး အပန်းဖြေ အနားယူမိမှာ စိုးလို့ )။

သိန္ဒောလမ်း

 အာဇာနည် သိန္ဒောမြင်း တို့ရဲ့ လမ်းကြောင်းဟာ လမ်းကောင်းဘို့မလိုဘူးတဲ့ ခရီးသည်။ ဒါကြောင့် ဘာကြောင့် ညကြောင့်ဆိုတာတွေ အကြောင်းမပြဘဲနဲ့ ကိုယ့်လမ်းကြောင်းကို ဆက်လျှောက်ကြစို့လား ခရီးသည်။( ဓ အောက်ခြိုက် အရိုက်ခက်လို့ စာလုံးပေါင်း မှားနေပါတယ်)။

လမ်းကြောင်းမှန်

ခရီးမသွားလျှင်လည်း ခရီးမရောက်သလို၊ ခရီးမှား လျှင်လည်း  ခရီးမပေါက်ဘူး ခရီးသည်။ ဆိုလိုတာက ကိုယ်နဲ့ဆိုင်တဲ့ အလုပ်ကို မလုပ်ရင် ကိုယ့်ပန်းတိုင်မရောက်နိုင်သလို. မဆိုင်တာတွေလုပ်နေရင်လည်း ခရီးဖင့်တာပေါ့.။ ဒီတော့ ခရီးမဖင့်ဘဲ ပန်းတိုင်မြန်မြန်ရောက်ရအောင် ခရီးမှန် ကို ဇွဲသန်သန်နဲ့ ဆက်လျှောက်ကြစို့လား ခရီးသည်။

Thursday, August 4, 2011

ကတံကရဏီယံ နဲ့ ဘ၀ အထွေထွေ which thimg already done what have to do & the different lives

 OH mamy!  In this life , we have  had done and hard-worked  so many things facing  the difficulties form the Mother's pectoral until now. အို အမေ အမေရင်ခွင်ကနေခုချိန်ထိ သားတို့တွေ သားတို့တွေ အခက်ခဲတွေကို ရင်ဆိုင်ရင်း ခု ချိန်တွေ အလုပ်တွေလုပ်ခဲ့ရတာပါအမေ.။

ဒီဘ၀ ရဲ့ ခရီးအစ

သီတဂူ အရှင်ဉာဏ၀ရ ကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် . ရွာဗုကြီး ကျေးရွာတွင် ၊ ခမည်းတော် ဦးကျော်ဟန် ၊ မယ်တော် ဒေါ်မြင့်ကြည် တို့ မှ ၁၃၃၉ ခု နှစ် တပို့တွဲလပြည့်ကျော် ၁၃ ရက် အဂ်ါနေ့တွေ ဖွားမြင်သည်၊ ညီငယ် ဇော်မျိုးအောင် နှင့် ညီမငယ် ချိုသဲဇာ တို့ အနှင့် အတူ မွေးချင်း သုံးယောက်တွင် သားဦးရတနာဖြစ်သည်။

Saturday, July 16, 2011

energetic proverbs စိတ်ခွန်အားဖြည့် စကားပုံများ

 A slothful man is a beggar's brother. အလွန်အပျင်းကြီတဲ့ သူဟာ သူတောင်းစားနဲ့ ညီအစ်ကို တဲ့ ။
                                                         (  စကော့ စကားပုံ)။

energetic proverbs စိတ်ခွန်အားဖြည့် စကားပုံများ

An ounce of patience is worth a pound of brains. သည်းခံခြင်း တစ်အောင်စ သည် ဦးနှောက် တစ်ပေါင်ထက် ပိုတန်ဘိုး ရှိသည်။ (ဒတ်ခ်ျ စကားပုံ ) ။


                          မှတ်ချက် ။ တစ်အောင်စ သည် တစ်ပေါင် ၏ ၁၆ ပုံ  ၁ ပုံ။

the most beautiful life . အလှဆုံး ဘ၀ ပိုင်ရှင်

upgrade with the effort , paint with the Dhamma . This is the most beautiful life.                 ၀ီရိယ နဲ့ မြှင့်တင် ၊ ဓမ္မနဲ့ ခြယ် မှုန်း၊ ထို ဘ၀ ပိုင်ရှင် အမြတ်ဆုံး။

Tuesday, July 5, 2011

သင်တန်းထဲ မှ သင်္ခန်းစာများ ။ the parables which in the classroom

 For everynoe who exalts himself will be humbled,he who humbles himself will be exalted.
  ကိုယ့်ဂုဏ်ကို မြှင့် ကိုယ့်ဂုဏ်လွင့် ။ ကိုယ့်ဂုဏ် နှိမ့်ချ ပိုဂုဏ်ကြွ၏ ။

စပါးနှံ ဥပမာ

 BARACK OBAMA : " With profound gratitude and great humility, I accept your nomination for the presidency of the United States"

Thursday, June 9, 2011

ပညတ်တော် ( ၁၀ ) ပါး နဲ့ ကာလာမ သုတ် Ten commandments & kalamasutta

Today,we study  about the Ten commandments of God in the bible. These are
1. You shall have no other gods before me.
2. You shall not bow down to them worship them.
3. You shall not misuse the name of the lord your God.
4.Remember the Sabbath-day by keeping it holy .
5.Honour father and mother..........
6.You shall not murder.
7. You shall not commit adultery.
8. You shall not steal.
9. You shall give false testimony against your neighbour.
10.You shall not covet your neighbour's house / wife.
when i study about that, I remembered about the kalamasutta 
in the Pitaka preached by the Buddha. In also this Sutta , there are Ten kinds of  commandment for His (Buddha) disciples . These are..............
1. Do not accept on ( mere) hearsay!
2. Do not accept anything by mere tradition!
3. Do not accept anything on account of mere rumours!
4. Do not accept anything just because it accords with your scriptures!
5. Do not accept anything by mere supposition!
6. Do not accept anything by mere inference!
7. Do not accept anything by merely considering the reasons!
8. Do not accept anything merely because it agreees wiht your pre-conceived notions.
9. Do not accept anything merely because it seems acceptable_!
10. Do not accept anything thinking that the ascetic is respected by us!
But when you know for yourselves- these things are immoral,these things are blame worthy, these things are censured by the wise, these things, when performed and undertaken, conduce to ruin and sorrow - then indeed do you reject them.

Monday, April 18, 2011

searching for the truth of the life based on what the teaching of the Buddha(ဒေသနာကို အခြေခံရ်ျ အဖြေမှန်ကို ရှာဖွေခြင်း)

 In the Buddha' s literature , " Katan Karaniyam  " it is Pali  word it does mean that already done for the life . It is used for the only for the Buddha and The noble person (Arahants ) not for another . Thus why exit them ( Buddha Arhant ) , ordinary  persons  have to do for their work until becoming   Aranant. They are needing everything forever .They are not perfect .
In here , I remember one book named Bawa Bawa ( life life ) written by  many author of Myanmar literature  Aung Thin etc.... in Myanmar 
In this book , I remembered Aung Thin's article  . In it , when he was a child ,while the cutting the hair on  the chair , his foots cannot touch to the ground and his head also can't lie behind   the chair. At that time , he wanted so much to do it but he can't.Because  only adult man can do it . So he want to become a adult man to do it.He thought that if he can do it , he will be happy so much .As about seventy 70 years old, when he cutting the hair  ,he remembered his thought that when he was  childhood.Now he can touch to the ground (floor) and can lie on behind the chair .But he was not happy according to his childhood idea. In here, Aung Thin said that  life is such as !
Moreover, I remember that  a another author of  article. In this article , there are two ladies. They are very friendship with each other .Next time in the future , one get married . she have family husband , son, daughter  children .Another not like that.She is spinster( a woman who is not married.She is lonely. During that time about twenty 20 years ,they didn't  meet  only one time.They passed their life by own ways.When they meet again, they told their the difficulties of life.They didn't satisfied  their own life. One wanted  other's life.  Thus why , the author said that this is life. 
               In the same way, everybody try to reach the goal of life .( goal mean wealth ,education , money etc..... not mean Nibbhana ) .But anyone want anything more and more.So they have to do . They need to try and work.Because they are only ordinary person including me .Thus why we nee to try -hard until becoming Arahant .We are not Katan Karaniya. Just mere beginner  real Katatbba karaniya (  the person have to do so many word , need to try so many ways ). Therefore , we will face the nature of the world (life ) sorrow and happiness, hate and love , smile and cry etc....
In short , Life is never perfect . Life is needing  everything.Life is ..............

ရှေးထုံးလေးပါ

ဟန်ဆောင်မှုတွေ များတဲ့ လောကကြီး ထဲမှာ  သိုသိပ်မှု ဟာ လူ လိမ္မာတစ်ယောက် ရဲ့ ပညာတစ်ရပ်ဖြစ်တယ်။

နှစ်ဆန်း အတွေး

တစ်ခါ တစ်ခါ ပါးပါးလေး လုပ်တာဟာ ပညာ ဗျ ။

လောက ၀ဉ္စန

အသက် ၃၀ ကျော်လာပြီ၊ တစ်ခါ တစ်ခါ လောကနေလူတွေ ရဲ့ မာယာ နဲ့ လောက သဘာဝ ၊ လူ တွေ ရဲ့ မာယာ နဲ့ ပညာ ရယ်ကို ခု ထိ ကောင်းကောင်းမကွဲသေးဘူး။ အရင်တုန်းက ပါးပါးလေးလုပ်ရင် ၊ ပါးပါးလေး ပြောရင် ၊ ပါးပါးလေး ဆက်ဆံရင်  မာယာလို့ ထင်ထားတတ်တယ်။ ဒီနေ့ အသိမှာတော့ ဒါတွေဟာ တစ်ခါတစ်ရံမှာ ပညာတွေပါလား လို့ ၊ ပညာယူတတ်လာတယ်။

Sunday, April 17, 2011

အနီးမှုန်

       ဒီနေ့တို့မြန်မာနိုင်ငံမှာဆို နှစ်ဆန်းတစ်ရက့်နေ့။ သူများနိုင်ငံသားတွေပြောသလိုပြောရရင် happy new yer ပေါ့။ ဒါနဲ့မနက်အိပ်ယာက ထ ၊ မြတ်စွာဘုရား ကို မျက်နှာသစ်တော်ရေ ၊ သောက်တော်ရေကပ်၊သီတဂူဆရာတော်ဘုရားရဲ့ ရေအလှူတော်ကို သဘောကျပြီး သီတဂူဆရာတော်ရဲ့ ပုံတော်ရှေ့မှာ လည်း သောက်တော်ရေ လှူ ပြီး ၊ အခန်းထဲက ထွက်ပြီး အဆောင်ရဲ့ အပေါ်ဆုံးအထပ်မှာ၊ပရိတ် ပဌာန်းရွတ်ဖို့ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ မိုးလေးက နဲနဲကျထားတာဆိုတော့ နေလည်းမထွက်ဘဲရာသီဥတုကလည်း နဲနဲအေး ပြီးနေတော့ ဒေလီရဲ့ ရှားပါး နွေတရက်ပေါ့။ အဲဒါနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့အခါ တခြားကွင်းထဲမှာ ကလေးတွေ ကြက်တောင်ရိုက်ကစားနေကြတာကို မျက်စိရောက်သွားပြီး နဲနဲလေး ကြာအောင် ကြည့်မိလိုက်တယ်။ ဒါနဲ့ တခြားအခန်းတွေဘက်ကြည့်လိုက်ပြန်တော့  အာဖရိက က နီဂရိုးတစ်ယောက်ကလည်း အဲဒီကလေးတွေ ကစားနေကြတာကို ကြည့်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာတွေးမိလိုက်တာက အော် " စိတ်ဆိုတာ လှုပ်ရှားနေတဲ့ အားရုံလေးတွေကို ကြည့်နေတတ်ပါလား" လို့တွေးမိလိုက်တယ်။ ဒါနဲ့ စာရွတ်ပြီးတော့ မြတ်စွာဘုရားကို မဟာသမယသုတ်နဲ့ ပူဇော်ပြီး တရားလေး နဲနဲ မှတ်ကြည့်လိုက်တယ် ။ အဲဒါအခါ မှာ ကိုယ်ခန္ဓာရဲ့ ဖြစ်မှုပျက်မှု။ စိတ်ရဲ့ ဖြစ်မှုပျက်မှုဆိုတာတွေကို ဘာဆိုဘာမှ မမြင်ရဘူး။ မသိရဘူး ဟိုရောက်ဒီရောက် စိတ်တွေကို သာ တခါတခါမှ ဖမ်းမိတာ၊ဒါတောင်မှ စိတ်တွေရဲ့ တခုခြင်းဖြစ်ပျက်ပုံကိုတွေ့တာမဟုတ်ဘူးနော်။ စိတ်ပေါင်းများစွာရဲ့ အစုလိုက် group လိုက် ဖြစ်တာ ဒါလောက်ဘဲ သတိထားမိတာ။ ဒါကြောင့် တွေးမိလိုက်တာက အော် စောစောလေးတုန်းက ငါ့စိတ်ငါ့အမြင်တွေဟာ ခပ်ဝေးဝေးက ကလေးတွေကစားတာ၊ အဲဒီကလေးတွေကို ကြည့်နေတဲ့ သူတွေကိုမြင်တာ ၊ မိုးတွေအုံ့နေတာ စတဲ့ အဝေးက အရာတွေကိုမြင်နိုင်သိနိုင်ခံစားနိုင်ပေမယ့် ၊ ခုတော့ငါ့ ခန္ဓာထဲမှ ဖြစ်ပျက်နေတဲ့ အနီးမှာရှိနေတဲ့ ရုပ်တွေ နမ်တွေကို မမြင်ဘူး မသိဘူး ဆိုတော့အော် " ငါဟာ --၀ိပဿနာဉာဏ်မျက်လုံးမှာ အနီးမှုန်နေသူတစ်ယောက်ပါလား" လို့တွေးမိလိုက်တယ်

Saturday, April 2, 2011

Universal responsibility ( 2 )

 In order to serve , in order to help I must remain in society. ( From Dalia Lama )

Universal responsibility ( 1 )

The natural environment, the earth is our home and our mother. We need to respect and take care of her.        ( Dalia Lama )

ဘ၀ အဓိပ္ပါယ်.

 ဘယ်လိုမှ မ၀ သော အရာကို ဘ၀ ဟု ခေါ်သည်။ Life is needing.

Tuesday, March 1, 2011

ဇာတ်ခုံပေါ်မှ တွေးလုံးများ

အရိုင်းတွေဟာလည်း ကျင့်ပေးတတ်ရင် အယဉ်ဖြစ်လာတတ်သလို၊ အယဉ်တွေကလည်း မထိန်းသိမ်းတတ်ဘူးဆိုရင် အရိုင်းဖြစ်သွားတတ်တယ်။

နဲနဲ+နဲနဲ= များများ

    အများကြီးမရတောင် နဲနဲလောက်တော့ ဖဲ့ယူလိုက်ပါ။

Sunday, February 20, 2011

်လူ နဲ့ ရုပ်သေး

လောက ဇာတ်ခုံတွင်းက လူအားလုံးဟာ ကိုယ့်ဘ၀ ကိုယ့်ဇာတ်လမ်းအတွက်တော့  ခေါင်းဆောင် ဇာတ်ကောင် တွေချည်းပါဘဲ။ သူတို့တွေဟာ ကိုယ်ကြိုက်တဲ့ကကြိုး ကကွက်ကို ၊ ကိုယ်ကြိုက်တဲ့ဟန်ပန်နဲ့ ကိုယ်တိုင်က နိုင်ကြတဲ့ သက်ရှိသရုပ်ဆောင်တွေပါ၊ ရုပ်သေးတွေမ ဟုတ်ပါဘူး။ ရုပ်သေးတွေမှာ ကျတော့ နောက်က ကြိုးဆွဲဆရာ ဆွဲတဲ့အတိုင်း လိုက် ပြီး ကကြရတာပါ။ သူတို့မှာနောက်က ကြိုးဆွဲကြိုးထိန်းရှိတယ်။ တခါတလေ တချို့တလေကြတော့လည်း သက်ရှိဇာတ်ကောင်ဖြစ်နေရဲ့သားနဲ့ သက်မဲ့ရုပ်သေးလိုမျိုးတွေ ဖြစ်နေတတ်ကြတယ်။ဥပမာ -ဆိုပါစို့- ဆရာ မိဘ စတဲ့သူတွေက သူတို့တွေကို မြင့်မားအောင် မြေတောင်မြှောက်ပေးတယ်။ မြှင့်တင်ပေးတယ် ။ ဒါပေမယ့် သူတို့ကတော့ ရုပ်သေးတွေလိုဘဲ ဆရာမိဘစတဲ့သူတွေ မြှောက်ပေးသလောက်ဘဲ ဘ၀မှာကနိုင်ကြတာ ဒီထက်ဘာမှ ပိုပြီး မကနိုင်ကြဘူး။ မိဘက ကျောင်းထား ပေးပြီး ဘွဲ့ရအောင် ထောက်ပံ့ပေးပြီးရင် ဘွဲ့ရရုံဘဲ ရှိတယ် နောက်ထပ် ဘာမှ ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ကြဘူး  မိမိတို့ကိုယ်တိုင် ဆက်ပြီး ကကြိုးကကွက် မဆင်နိုင်ကျတော့ လူစင်စစ်က ရုပ်သေးလေးတွေ ဖြစ်နေကြတာလေးတွေ ရှိနေကြတယ်။     ဒါလေးတွေလည်း သတိပြုပြီး ကိုယ့် ကကြိုးကို ကိုယ် ဆင်နိုင်ကြဘို့ လောကဇာတ်ခုံလေးမှာ တင်ပြပါတယ်။     မှတ်ချက် ။  ။ သက်ဆိုင်သူ တစ်ယောက်ကို ရည်ညွန်းပါသည်။     လူသည်ရုပ်သေးလုပ်နိုင်၏ ။ဒါပေမယ့် ရုပ်သေးမဟုတ်။

Saturday, February 19, 2011

မျက်ရည်ကျလို့ယောကျာ်း မဟုတ်ရင် (သို့) ဒေလီအလွမ်း


ညီမလေးရေ----အများသူငါ  ပြောနေကြတဲ့ စကားကလေး တခုကတော့ “မျက်ရည်ကျရင် ယောကျာ်း မဟုတ်ဘူးတဲ့” ။ဘယ်လောက်မှားပြီး၊  ဘယ်လောက်မှန်တယ်၊ ဆိုတာတော့   သုတေသနမလုပ်မိဘူး။ ဒါပေမယ့် ခြွင်းချက်ရှိတယ်လို့တော့ ထင်မိတယ်။ တို့ သီတဂူက ဦးဇင်းတစ်ပါး အရင်နှစ်က သီရိလကာင်္ကို ပညာတော်သင် သွားတော့၊ စစ်ကိုင်းမြတ်မန္တလာထွန်း ကားဂိတ်မှာ အောက်က လိုက်ပို့တဲ့သူ့ ဒကာဒကာမတွေက ၊ လိုက်ပို့ကြရင်း၊ လွမ်းလို့ ငိုနေကြတာပေါ့။  ကားပေါ်က ဦးဇင်းကလည်း မျက်ရည်တွေ လည်နေတယ်လေ။ အဲဒီတော့ အကိုက အထက်နဲ့အောက် မြင်ကွင်းကိုကြည့်ပြီး -အော် ငါများတကယ်လို နိုင်ငံခြားကို သွားရင် ဘယ်သူတွေလိုက်ပို့လို့ ငိုပြီး၊ ငါလည်း ဘယ်လိုနေမှာပါလိမ့်နော်လို့ တွေးမိတာပေါ့။

ဒါနဲ့ နောက်နှစ် ၂၀၁၀ ရောက်တော့ အကိုလည်း ဒေလီကို ပညာသင် ထွက်လာတာပေါ့ ။ အကို ပညာသင်ထွက်လာတော့ အကို့ကို လိုက်ပို့တဲ့ ဒကာဒကာမဆိုတာ ဟို အရင်နှစ်က ဦးဇင်းလို ဒကာဒကာမတွေ မပါကြဘူး။ဒါကြောင့် အောက်ကလည်း ငိုမယ့်သူမရှိသလို၊ အပေါ်ကလည်း မျက်ရည်မ၀ိုင်းမိတော့ ဘူးလေ။ ဒါပေမယ့် ကားဂိတ်ကတော့ စစ်ကိုင်းမြတ်မန္တလားထွန်းပါဘဲ။(ကားဂိတ်ချင်းတူတယ်၊ ပညာသင်ထွက်ပုံချင် တူတယ်။နိုင်ငံဘဲကွာတာ။ အကိုတို့ကတော့ အိန္ဒိယ နိုင်ငံရဲ့ ဒေလီတက္ကသိုလ်)ဒါကြောင့် အကို့ စိတ်တွေကတော့ ဒေလီကို ဦးတည်နေတာပေါ့.။( ဒေလီဆို တာ အိန္ဒိယ နိုင်ငံရဲ့ မြို့ တော်တဲ့ အရင်တုန်းက ဒေလီ နောက် အင်္ဂလိပ်ခေတ်ရောက်တော့ အစိုးရ ရုံးတွေစိုက်ပြီး နေရာချဲ့လိုက်တော့ နယူးဒေလီ ဆိုတာဖြစ်လာတာတဲ့ အဲဒီ နယူးဒေလီကြောင့် အရင်ဒေလီက အိုးဒေလီ ဆိုပြီး ဖြစ်သွား ၊ နောက်တော့ နယူးဒေလီနဲ့ အိုးဒေလီကို ၂ ခုပေါင်းပြီး ဒေလီ ဆိုပြီး ပြန်ဖြစ်လာတာတဲ့ ဒါက ဒီရောက်မှ သိရတဲ့ ဗဟုသုတအကျဉ်းလေးပေါ့)။ ခုနက အကိုပြောနေတာက စစ်ကိုင်းဂိတ်မှာနော် ။ကာကြီးကလည်း သူ့ရဲ့ပန်းတိုင်ရန်ကုန်ကို ဦးတည်ပြီး ထွက်ခွါနေသလို၊ အကို့စိတ်ကလည်း ပန်းတိုင်ရှိရာ ဒေလီမြို့ ကို ဦးတည်နေလို့ ၊ အဲဒီအချိန်ထိ အလွမ်းတွေမပေါ်သေးဘူး လေ။

အဲဒါနဲ့ စစ်ကိုင်းကနေ ထွက် စစ်ကိုင်းဘုရားတွေကို ၂ နှစ်စာ ဆို ပြီး အငမ်းမရဖူးတာပေါ့။ ဘုရားဖူးနေတဲ့စိတ်ကြောင့်လည်း၊ အလွမ်းဆိုတာ နေရာမရသေးဘူး ။စစ်ကိုင်းကနေ အမရပူရလည်း ၀င်ရော လူနေအိမ်ခြေတွေထဲမှာ ဥာဏ်တော်ခပ်မြင့်မြင့် စေတီတဆူကိုလည်း ဖူးလိုက်ရရော ဟာ---- ငါ ဟာ မြန်မာပြည်ရဲ့ စေတီပုထိုးတွေ၊ ဆွေတွေမျိုးတွေကို စတင်ပြီး ခွဲခွာရတော့ တာပါလားဆိုပြီး---- အဲဒီကစလို့အကို့ရဲ့၊ အလွမ်းတွေ နိုးထခဲ့တော့တာဘဲလေ။ ဒါပေမယ့် မျက်ရည်တော့ မကျသေးပါဘူး။စွန်ဝဲသလို၊ ၀ဲတော့ဝဲနေပြီ၊  ကျခါနီးပေါ့။ ဒါကို အကို ထိန်းထားနိုင်ခဲ့သေးတယ်။ ဒါနဲ့ ရန်ကုန်ရောက် လေယာဉ်လက်မှတ်ရလို့ မြန်မာပြည်ကထွက်ခွါမယ့်နေ့မှာတော့။ အဖေအမေနဲ့ ဆွေမျိုး ဒကာဒကာမတွေ လူကြီးငယ်တွေ တော်တော်စုံစုံလင်ပါလာတာပေါ့လေ။ သူတို့လည်း လေယာဉ်ကွင်းကို လိုက်ပို့ကြ။ အမှတ်တရ ဓာတ်ပုံတွေရိုတ်ကြပေါ့ ။ အဲဒါလေးတွေပြီးလို့ လေယာဉ်ကွင်းထဲဝင်ရတော့မယ်ဆိုတော့ ၊ ကိုယ်ယူထားတဲ့ ၊တွန်းလှည်းလေးပေါ်ကိုယ့်ပစ္စည်းလေးတွေတင်၊ ကို့အိတ်ကို ကို ဆွဲပြီး ကောင်တာမှာ သွားပြီး တန်ချိန်စစ် luggage လုပ်သင့်တာလုပ်ပေါ့။ အဲဒီလို အလုပ်ရှုပ်နေတော့ အဖေအမေတို့ကို သတိမရနိုင်ဘူးလေ။အင်း--  အဲဒါလေးတွေလည်းပြီးလို့၊ နောက်ကိုလည်း လှည့်ကြည့်လိုက်ရော -- ---အတွင်းခရီးသွားသူ၊ အပြင်ကလိုက်ပို့သူတွေကို ၊စီးခြားထား၊ ကာထားတဲ့ မှန်ပြားကြီးပေါ်မှာ၊ နှဖူးနဲ့ လက်တင်ပြီး ဦးဇင်းကို လှမ်းမျှော် ကြည့်နေကြတဲ့ မိဘဆွေမျိုးတွေရဲ့ ကြောင်တောင်တောင် ငေးကြည့်နေကြတဲ့ သံယောဇဉ် မျက်ဝန်းပေါင်းစုံကို တွေ့မိ မြင်မိသွားတာပေါ့၊ အဲဒါနဲ့ အကိုလည်း သွားပြီး နှုတ်ဆက်စကားပြောဦးမှဘဲ ဆိုပြီး သူတို့ရှိနေတဲ့ မှန်ပြင်နား ခပ်သုတ်သုတ်သွားပြီး အကိုကစပြီး ‘ သွား- တော့ မယ် နော် “ လို့ နှုတ်ဆက် စကားပြောမိတာပေါ့လေ။ ဒါပေမယ့် အဖေတို့ အမေတို့တတွေက ဘာမှပြန်မပြောကြဘူးလေ။ ဘယ်ပြော နိုင်ပါ့မလဲ။ မှန်ပြင်ကြီးက ချားထားတာဆိုတော့ မြင်တာမြင် မကြင်ရဆိုတာလို သူတို့တွေဟာ အကိုပြောခဲ့တဲ့ နှုတ်နဲ့ဆက်သွယ်ပြီး ပြောခဲ့တဲ့ အကို့ရဲ့ နှုတ်ဆက်စကားကို ဘယ်ကြားနိုင်ပါ့မလဲ။ ဒါကို အကိုက မသိခဲ့ဘူးလေ၊သတိမထားမိဘူးပေါ့၊ အကို့ရဲ့ စိတ်ကူးက လက်ချင်းဆွဲ၊ရင်ချင်းဟတ်ပြီး နှုတ်ဆက်ခွင့်မရရင်တောင်မှ နှုတ်ကလေးနဲ့တော့ ဆက်သွယ်ခွင့် ရမယ်။ဒါကြောင့် ငါလည်း ပြောမယ်  အမေတို့လည်း ပြော။ အမေတို့လည်း နားထောင်၊ ငါးလည်းနားထောင်မယ် မိဘနဲ့သားသမီး အကိုနဲ့ ညီမ ။ ဆရာ နဲ့ ဒကာ  တ၀ကြီးပြောကမယ်ပေါ့ ။ ခုတော့ အအဲလိုမဟုတ်ဘူး အဲဒီအချိနှ်မှာ အကိုယ့်အဖြစ်က ဘာနဲ့တူလည်း သိလား မှန်ပြတင်းအကြည်တွေတတ်ထားတဲ့ အဆောက်ဦးကြီးတွေမှာ မှီခိုနေကြတဲ့ စာလေးတွေ ခိုလေးတွေလိုပါဘဲ။ သူတို့လေးတွေဟာလေ သူတို့နေနေတဲ့ အဆောက်ဦးထဲကနေ အပြင်ကို ထွက်ချင်ကြတဲ့ အခါ မှန်ကိုလည်း မှန်မှန်းမသိဘဲ နဲ့ သူတို့ရဲ့ ပျံသန်းနေကြအရှိန်အတိုင်း သူတို့ လမ်းကြောင်းမှာ ဘာအတားအဆီမှ မရှိဘူးဆိုပြီး အားနဲ့ မာန်နဲ့ပြန်သန်းထွက်လိုက်တဲ့ အခါ မှာ သူတို့တွေ ဟာ ရှေ့က ကာဆိးထားတဲ့ မှန်အကြည်ပြင်ကြီးကို ခေါင်းနဲ့ တို့မိကြတာ ရင်နဲ့ဆာင့်မိကြတာလေ။ တချို့တတွေကျတော့လည်း လမ်းကြောင်း ပြောင်းကြတယ်။ တချို့တလေကျတော့လည်း လမ်းကြောင်းမပြောင်းဘဲ မှန်မျက်နှာပြင်ကိုဘဲ ဝေဟင်မှတ်ပြီး အကြိမ်ကြိမ် ခေါင်းတိုးမိ  ရင်ခွေ့မိကြတဲ့အခါ ၊သူတိ့လေးတွေခမျာ ခေါင်းကွဲပြီး သေသွားရှာကြတဲ့ မှန်နန်းစံအိမ်မှာ နေကြတဲ့ စာလေးတွေ ငှက်လေးတွေကိုအကို ခဏခဏတွေ့ဖူးတယ်လေ တယ်လေ။ ညီမလည်း တွေ့ဘူးမှာပါ။ ဒါကြောင့်  ---

အော်- ငါ -ဟာ အခုတော့လည်း ငါတွေ့ဖူးတဲ့ စားလေးတွေ ခိုလေးတွေလို ပါဘဲလားလို့ တွေ့မိသွားတယ်လေ ။ ဒါမေမယ့် အကိုဟာ အသိဥာဏ်ရှိတဲ့ လူသားတစ်ယောက်ပါ။ ခေါင်းအကွဲခံပြီး နံရံကို ခေါင်းနဲ့လည်း မတိုးဝှေးဘူး လက်သီးနဲ့ လည်း မထိုး ပစ်ဘူး ။ဒီတော့ အကို ဘာလုပ်လဲ သိလား။ စကားမပြောရ စာနဲ့ရေးမယ်ဆိုပြီး စာအုပ်နဲ့ ဘောပင်ကို ရှာလိုက်တယ်။ ကံဆိုး ကံကောင်းတ၀က် စီဘဲ handcarry ထဲမှာ ဘောပင်သာပါလာပြီးတော့ စာအုပ်က ပါမလာဘူး luggage ထဲမှာ ပါသွားတယ်လေ။ ဒါနဲ့ အကိုလည်း ဘယ်ရမလဲ စာရေးစရာ လိုက်ရှာလိုက်တာ နဲနဲခြောက်နေတဲ့ ။ မျက်နှာသုတ် တစ်ရှုးလေး ကို သတိရပြီး စာလေးရေးပြလိုက်တယ် " မြင်နေရပြီး စကားပြောလို့ မရတာ ၀မ်းနည်း လိုက်တာ" လို့ဆိုပြီး ရေးပြလိုက်တယ် ( ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့လေ) အဲဒီလို ရေးပြနေတဲ့အချိန်တို အတွင်းလေးမှာဘဲ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ မျက်ရည်တွေက ငါ့မျက်ဝန်းကနေ အပြင်ထွက်ဘို့ သူ့ထက်ငါ အလုအယက်ဝိုင်းပြုံပြီး တိုးဝှေ့နေကြပြီလေ ။ အကို့မျရည်တွေဝဲနေ ၀ိုင်းနေပြီ  ညီမ။

ဒါကြောင့် အကိုလည်းအမေတို့ ၀မ်းနည်းမှာ စိုးလို့ မှန်နားကနေ ချက်ခြင်းအမြန်ခွာ ခေါင်းကိုမော့ပြီး နောက်ကိုဆုတ်ခဲ့တယ်၊ (၀မ်းနည်းတာ ခေါင်းမော့စရာလားလို့ မတွေးလိုက်နဲ့ ခေါင်းမမော့ရင် ငါ့မျက်ရည်တွေ အမေ့တို့ရှေ့မှာ တောက်တောက်ကျတော့မှာလေ။ ငါမျက်ရည်တောက်တောက်ကျရင် ငါ့ကိုချစ်တဲ့ မွေးမိခင် ငါ့အမေမျက်ရည်တွေဟာ အိုင်ထွန်းသွားမှာပေါ့) ခေါင်းမော့ နောက်ဆုတ်ပြီး လေယာဉ်ကွင်းရဲ့ မျက်နှာကျက်ကို မျက်တောင်ခဏခဏ ပုတ်လို့ကြည့်ရင်း အကို့မျက်ရည်တွေက မျက်တောင်တွေ မျက်ခမ်းတွေနားလောက်တင်ဘဲ စိုစွတ်ရုံနဲပြီးသွားခဲ့တာပေါ့။ ဒါနဲ့ နောက်တကြိမ်  သက်ပျင်းရှည် တချက်ချ ၊ အားတင်းပြီး မှန်အနားကို ပြန်သွား စာလေးတွေ ခိုလေးတွေလို မသိလို့တော့ မဟုတ်ပါဘူး။ အမေတို့ အဖေတို့ကို နှုတ်ဆက်ဘို့ပေါ့ မှန်နားကို ရောက်ပြန်တဲ့ အခါ ၊ မျက်ရည်တွေကလည်း သူတို့ကျရမယ့် သူတို့ စီးဆင်းရမယ့် ၊ နေရာကို တမင်မှတ်မိနေသလို တောက်ရှောက် ချက်ချင်းရောက်လာကြပြန်တော့ တာပါဘဲ။ အဲဒီအခါ ငါ ဟာ ငါ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ငါ့မျက်ရည်တွေကို ငါ မတားနိုင်ခဲ့တော့ဘူး။

ဒါကြောင့် ဒုတိယအကြိမ်ခေါင်းမော့ပြီး နောက်ဆုတ်ခဲ့ရတာပေါ။ ဒါကြောင့် အကိုတွေးလိုက်တာက “ဟာ မှန်တိုင်းလည်း မကောင်းဘူး “လို့လေ၊ အကိုတို့ကို တားထား ခြားထားတဲ့မှန် တချပ်ဟာ အကိုနဲ့  မိဘဆွေမျိုးတွေကြားမှာ ကမ္ဘာကြီးတခုခြားထားသလို ခံစားရတယ် ညီမလေးရာ။ ဒါကြောင့် မှန်တိုင်းမကောင်းဘူးလို့ လေ။ အဲဒီဒုတိယ အကြိမ်နောက်ပြန်ဆုတ် လမ်းလျှောက်ချိန်မှာတော့ အကို့မျက်ရည်တွေဟာ မော့ထားထားတဲ့ ခေါင်းပေါ်မှာ မနေတော့ဘူး၊ မျက်နှာကျက်ကို မော်ကြည့်နေတဲ့ အကို့ မျက်နှာပြင်ပေါ်ကနေ တအီအီမည်ပြီး ကဆုန်ပေါက်ကာ ၊ဆင်းသွားကြလေရဲ့။ ဒီတော့ အကို အဖြစ်ဟာလေ ၊ မှန်ပြင်ကို ဝေဟင်ထင်ပြီးတော့ တို့ဝှေ့ကြတဲ့ ငှက်ကလေးတွေလို  ခေါင်းတို့ ရင်တို့ကွဲပြီး အဖြစ်ဆိုးနဲ့ ၊ အသက်မဆုံးရှုံးခဲ့ရပေမယ့် ရင်ထဲမှာတော့ ခုချိန်ထိ အနာ မကျက်သေးဘူး ညီမလေး။ မျက်ဝန်းထဲ မှာ အမေနဲ့ ကိုယ့်နိုင်ငံကိုယ့်ပြည်ကိုလွမ်းတဲ့ မျက်ရည်တွေ ခုတောင် တွေးရင်း ရေးရင်း၊ အောက်ဆင်းကျဘို့ နေရာအနှံ့မှာရှိနေကြတုန်း လေ ။ ပြန်တွေးမိတဲ့ ခုချိန်ထိ မျက်ရည်ဝိုင်းနေသေးတယ်။ အကို အခုမေ နဲ့မြန်မာပြည်ကိုလွမ်းလို့ ဒေလီမှာ မျက်ရည်ကျနေမိတယ် ။ ညီမလေးရေ “ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲအကို အခုမေ နဲ့မြန်မာပြည်ကိုလွမ်းလို့ ဒေလီမှာ မျက်ရည်ကျနေမိတယ် ။ ညီမလေးရေ “ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲ့ ဦးဇင်းတစ်ပါး ဖြစ်ရဲ့သားနဲ့ အကို ငိုနေတယ်လို့ အမေကို မပြောလိုက်နဲ့နော် ။အကိုငိုတာမဟုတ်ပါဘူး လွမ်းလို့ မျက်ရည်ကျမိတာပါ ။ဘာလို့လဲ ဆိုတော့ အကိုမျက်ရည်ကျတာသိရင် အမေငိုမှာစိုးလို့ပါ ညီမလေးရာ။”အကိုကတော့ ဒေလီကိုသွားတဲ့ပြည်ထွက်ခရီးမှာ လွမ်းလို့ စီးကျလာခဲ့ရတဲ့ မျက်ရည်လေးတွေမို့ ဒါလေးတွေကို “ဒေလီအလွမ်း “ လို့ နာမည်ပေးလိုက်ပြီ ညီမလေးရေ--- ---------။

                                       အချစ်ကိုမမေ့ဖို့ထက် ၊အမေ့ကိုချစ်ဖို့က ပိုတန်ဖိုးကြီးပါတယ်။
                                                     အရှင်ဉာဏ၀ရ (M.A part 1)
                                                           ဒေလီတက္ကသိုလ်၊
                                                                 အိန္ဒိယ။




Sunday, February 13, 2011

ဇာတ်ပဏာမကထာ

လောကကြီးထဲသို့ လောကဇာတ်ခုံလေး တခုဖြစ်လာအောင် တည်ဆောက်ပေးသော မေပယ်(လ်) ကို  အထူးကျေးဇူးတင်လျှက်

ဇာတ်ပနက်(သို့ ) နှဖူးစီး

ရတနာသုံးပါးနဲ့ မိဘ ဆရာ သမား တည်းဟူသော အန္တငါးပါးကို ဦးထိပ်မှာပန်ဆင်ပြီး လောကကြီး တွင်းရှိ သက်ရှိသက်မဲ့ ပုဂ္ဂိုလ်သတ္တ၀ါ အရာအားလုံးကို ဆရာအဖြစ် ခံယူလျှက်

ဇာတ်ဆရာအလွမ်း

                                        မောင့်ရင်ခွင်ဦး ၊ နေရာထူးမှာ ၊ စူးရ်ုဝင်လာ ၊ ဝေဒနာတစ်ရပ် ၊နာမည်တတ်တော့ ၊ အသည်းလှပ်ကြည်နှုး ၊ အချစ်ဆူးတဲ့၊ ရင်မှာရွှင်မြူး ၊ အချစ်ဆူးကို ၊ အရေးထူးစွာ မပေးနိုင်ပါရူ်၊ ကြင်နာချစ်ဆူး ၊ နေရစ်ဦး -ဟု ၊ ရည်လူးမျက်ဝန်း၊ မောင့်စိတ်နွမ်းလျှက်၊ ခွန်းဆက်သကာ နေတော့မည်။

ကြည့်တတ်ဖို့သာ




အကောင်းမမြင်လို့
အမြင်မကောင်းတာလား
အမြင်မကောင်းလို့
အကောင်းမမြင်တာလား
အကောင်းမြင်ရင် 
အမြင်ကောင်းပါတယ်။

အနုတ် နဲ့  အပေါင်း
အကောင်း နဲ့ အဆိုး
အကျိုး နဲ့ အပြစ်
စစ် နဲ့ ငြိမ်းချမ်းရေး
လိုရင်းကို ရွေးတတ်ဖို့ပဲလိုတယ် ။   ။

ဝေဖော်သူ (ဟုမ္မလင်း)
                                                             17-1-11

ညနှစ်ည....



အမေ့ကိုလွမ်းတဲ့ည
တစ်ရေးရသေးရဲ့
ချစ်သူကိုလွမ်းတဲ့ည ..
မိုးစင်စင်လင်းလေရဲ့.......။

                        ခွန်ချာလီ(တောင်ပေါ်သား)

၂၁ ရာစု မှန်ချပ်


သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
အပေါင်းအနှုတ် ကိန်းဂဏန်းတွေနဲ့
နာလန်မထူတဲ့ လူမမာတဲ့…။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
သဘာဝကျိန်စာတွေနဲ့
အလဲအထိုးခံရမဲ့
ကြိုးဝိုင်းတခုလိုပဲတဲ့။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
အရှုံးအမြတ်တွက်လို့
ရမက်တွေကို ဒေါ်လာနဲ့ လဲပြီး
ခေါင်းပုံဖြတ်တဲ့ ဈေးကွက်တခုလိုပဲတဲ့။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
အိမ်ကွင်းအဝေးကွင်းတွေမှာ
အငြင်းပွါးစရာဂိုးတွေနဲ့
မရှုမလှရှုံးတဲ့ ဘောလုံးပွဲတခုလိုပဲတဲ့။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
ကိုယ့်အတ္တကို လုံအောင်ခြုံလို့
လူရိုသေ ရှင်ရိုသေလေးဖြစ်အောင်တောင်
ဟန်ဆောင်ပြုံးမပြ နိုင်တဲ့
ကပွဲတခုလိုပဲတဲ့။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
မိုးမရွာဘဲ ရေလျှံနေတဲ့ မြစ်ကြီးတစင်းလိုပဲတဲ့။
 
သူငယ်ချင်းက ပြောပါတယ်…
၂၁ ရာစုဆိုတာ
…………တဲ့
………….တဲ့။
 
သူငယ်ချင်းရေ….
လူ.နှလုံးသား လူ.သိက္ခာဆိုတာ
ရောင်းကုန်တခုလို သဘောထားပြီး
ဈေးဆစ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူးကွဲ့။
ဒါပေမဲ့……
ဘ၀ကို ထဲထဲဝင်ဝင်ရှင်သန်ကြည့်တော့..
သူငယ်ချင်းရေ…
၂၁ရာစုဆိုတာ……….။

 ကိုသစ် ( သီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ်)

ဇာတ်ခုံပေါ်မှ တွေးလုံးများ

အချစ်ကိုမမေ့ဖို့ထက် ၊အမေ့ကို ချစ်ဖို့က ပိုအရေးကြီးပါတယ်။

Saturday, February 12, 2011

ဇာတ်ခုံပေါ်မှ တွေးလုံးများ

လောကထဲမှာ ကြီးပွားချင်ရင် ၊ လောကကြီးကို ကြီးထွားအောင်လုပ်။

လောက တစ်ခန်းရပ်ကဗျာ

လောကကြီးက ဇကော
လူတွေက ဆီးဖြူသီး
ဇကောထဲက ဆီးဖြူသီးတွေတော့
ဇကောလှိမ့်သလောက်
ခံကြပေအုံးတော့..။


Tuesday, February 8, 2011

welcome

အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်နော်